ရစ်ပတ်မယ်မထင်လို့ ဆော့ခဲ့မိတာ
နောက်မှကြိုးဖြစ်မှန်း သိတယ်
ငါကလဲတုံးလိုက်တာ လွန်ရော......
လှိုင်းမထတဲ့ရေအိုင်လို့ ထင်ခဲ့တာ
ဆင်းမိတော့မှ ပင်လယ်ဖြစ်မှန်းသိတယ်
ငါကလည်းတုံးလိုက်တာ လွန်ရော......
ခပ်ခါးခါးဖြစ်မယ့်ကော်ဖ်ီလို့ ထင်ခဲ့တာ
သောက်ကြည့်မှ ဆေးသကြားတောင်ပါသေး
ငါကလည်းတုံလိုက်တာ လွန်ရော.....
ဆူးမရှိတဲ့စည်းရိုးလို့ ထင်ခဲ့တာ
လျှပ်စီးတွေတောင်လွှတ်ထားပါလား
ငါကလည်းတုံးလိုက်တာ လွန်ရော....
ကြင်ယာမဲ့လို့ထင်ခဲ့တာ.. ငါကလည်းတုံလိုက်တာ လွန်ရော....လွန်ရော.....
သူငယ်ချင်း ကဗျာအကြမ်းလေးအားပြင်ဆင်သည် စာကလေး..
No comments:
Post a Comment