မေမေချစ်တဲ့သားကြီးက ကိုထူးအိမ်သင်လေ ကျတော်ရေးချင်တာဖေဖေချစ်တဲ့သားကြီး ကျနော်က
မိသားစုမှာအငယ်ဆုံသားပါ အားလုံးနဲ့ဆိုင်တဲ အဖေတစ်ယောက်ရဲ့ သဘောထားပါ ကျနော်ကိုယ်တွေပေါ့ ကျနော် ဒေသက မြို့ ငယ်လေးနှစ်သာနီးတဲ့ လူနေကျဲတဲ့ရွာလေးပေါ အမေနဲ့ အဖေပေးတဲ့ ပညာအမွေနဲ့တိုင်းမြို့ကြီးတစ်ခုမှာ ပညာရေးအသင့်အတင်နဲ့ လူတွေထဲမှာခေါင်းထောင်ကြည်
ခွင်ရခဲ့တယ် ဒိလိုနဲ့ရွာပြန်ပြီး ရန်ကုန်မှာအလုပ်လုပ်ဖို့ အဖေနဲအမေကိုပြောတော့ ကျနော်ကိုအဖေမှာတဲ့စ
ကားက မင်တစ်ယောက်ထဲဆင်ပြေရုံနဲ့တော့ မိသားစုကို မျက်နှာပျက်မဲ့အလုပ်ဘယ်တောမှမလုပ်ပါနဲ့
အဲဒါမင်းလုပ်နိုင်တဲ့ မကောင်းမှုတွေ ငါပြောတာဘဲတဲ့ တိုတိုနဲ့လိုရင်းလေးပေါ့
ဒီလိုနဲ့ရန်ကုန်မှာ အဆင်ပြေတစ်ခါ မပြေခါတစ်ရာနှဲ့နှစ်တွေကြာခဲ့တယ် အမတွေ အကိုတွေလည်း
အိမ်ထောင်တွေကြလို ခလေးတွေရကုန်ကြတဲ့အချိန်ပေါ့ ကျနော်တိုမှာမွေးချင်း ၆ ယောက် အကို ၂ယောက် အမ ၁ ယောက် ညီမ ၂ယောက်ရှိတယ် တစ်နေ့မှာ ကျနော်ဆီ ဘဝရဲ့အရေးကြီးဆုံးဖုံး
သံတစ်ခုကြားရတယ် ဟေကောင်မင်းအိမ်ကဖုံး အရေးကြီးတယ် မင်းဒီညပြန်မှ ဖြစ်မယ် ဦးလေးဝမ်းခွဲရဲ
စကားသံကနည်းနည်းခါနေတယ် ဘာမှန်းမသိထပ်မေးလိုက်တက် မင်းအဖေနေမကောင်ဖြစ်နေတယ်တဲ့
အချိန်က (၉း ၄၅)ညပိုင်း ကျနော်လဲဘာမှမမြောနိုင်တော့ဘူ အမေအတွက် ၀ယ်ထားတဲ့ အားဆေး
လေး အိတ်ကပ်ထဲကောက်ထည့် ပြီးအဝေးပြေး ကားမှိအောင် အမြန်ထွက်လာခဲ့တယ် တက်ဆီငှားတယ် ကျနော်တက်ဆီပေါ်မှာ အတွေးတွေစုံလို အဖေဘာဖြစ်နိုင်လဲပေါ့ ကျနော်မှမဟုတ်ပါဘူး ကျနော်နေရာမှာဘယ်သားသမီးတစ်ယောက်မဆို ခံစားရမှာဘဲ ကျနော်လှေကားထစ်ကအဆင်းမှာ ကြား
လိုက်ရတဲ့စကားသံ သဲ့သဲ့လေးက ကျနော်ကို အကြီမားဆုံးတုံခါသွားတယ် ဒီကောင်အဖေဆုံးပြီဲ့တဲ့
ကျနော်ဘာစကားမှ မပြောနိုင်တော့ဘဲ ကျနော်ရင်ဘက်တစ်ခြမ်း အဖေအရိပ်တွေနဲ ပိနေတော့တယ်
ကားသမားတက်စီဖိုးလည်း စိတ်မ၀င်စား သူကတော့လမ်မကောင်းတဲ့ အကြောင်းတွေဦစားပေးပြောတာ ပေါ့ အဝေးပြေးကားဂိတ်အရောက်အပြေအလွှာနဲ့ ကျနော်တို့မြို့လေးသွားတဲ့ အမြန်ဆိုတဲ့ကားတွေထဲက အနှေးဆုံးကားပေါ့ ကျနော်စီးလာခဲ့တယ် အတွေးတွေလဲဆုံလို
ပေါ့ တိုက်ဆိုင်လိုက်တာများ ကိုလေးဖြူရဲ အဖေဆိုတဲ့သီချင်းနဲ့ ကားကစထွက်တယ်
ကျနော်အဖေ ဒါမှမဟုတ် အဖေတိုင်းဟာသားသမီတွေကိုလိုရာဖြည့်စည်းပေချင်ကြတယ်
အဖေဟာ.. သားသမီးတွေကို အမေကဆူရင် နားငြီးတယ် နင်ကလည်း ကလေးတွေဘဲလို့ပြောလေရှိတယ်
အမေမသိခင်သားသမီးတွေကို ခိုးနမ်းတတ်တယ်
သားသမီတွေလိုချင်တာရှိရင် ချက်ချင်းဝယ်မပေးတတ် အမေကိုငွေပေးပြီးအလုပ်သွားတတ်တယ် ထမင်းစားဝိုင်းမှာအငယ်ဆုံးသားသမီးကိုစလေ့ရှိတယ် သားတွေကစားလိုဒဏ်ရာရလာရင် ယောက်ျား
ကွလိုအားပေးတတ်တဲ့အဖေ မိသားစုဆုံရင်း သူစွန်းမှု့တွေပြောပြလေ့ရှိတယ် ခရီးတစ်ခုကပြန်လာရင် အမေမသိအောင် ဆောစရာတွေ ၀ယ်လာတတ်တဲ့
အဖေ.....အဖေက စည်းကမ်းကောင်းတယ်လို့ပြောလောက်ရဲ့ လမ်းလျှောက်မြန်တယ် ရယ်စရာပြောတတ်
တယ် ဒိလိုနဲ့အတွေးတွေဆုံလို ကျနော်ရင်ဘက်ကြီးအဖေအမူအရာတွေနဲ ပိလို အိမ်မှာဘယ်လို ဖြစ်နေမ
လဲ ဘုရားးစာတွေဖတ်လေ့ရှိတဲအမေ စာတွေကောဖတ်နိုင်သေးရဲ့လား အမတွေ အကိုကော ညီမတွေ
ကော အဖေနားမှာ ဒါမှမဟုတ် နောက်ဖေး ထမင်းစားခန်းမှာ သောကဝေလိုငိုနေကြပြီလားတွေးရင်း
ကျနော်စီးလာတဲ့ အမြန်ယဉ် အနှေးဆုံးကား မိုးသားအောက်ကကြယ်ရောင်တွေဖြတ်ရင်းကျနော် တိြု့ မို့လေး
ရဲ့အဝေးပြေး ဂိတ်ကိုဝင်လာခဲ့တယ် ကားပေါ်ကဆင်းပြီးအဒေါ်ဝမ်းခွဲအိမ်ခဏ၀င်လိုက် ပြီး မိုလင်းမှ ခရီး
ဆက်ဖို့ပြောတဲ့အဒေါ်စကားလည် မကြားနိုင် အဖေ အခြေအနေသိချင်တာနဲ့ မနက် ၃း၁၅ မှာ မြို့လေးကနေ
ရွာကို ခြေချင်လျှောက်ခဲ့တယ် မနက်အစောကြီးဆိုတော့ ဆိုင်ကယ်တက်စီ ထော်လာဂျီတို့ အိပ်ဆက်နေ
လေရဲ့ ရွာအ၀င်မှာ ၅နာရီခွဲလောက်မို့ မိုးကမလင်းသေးရွာကလူတွေလည်း အိပ်နေလေရဲ့ ကျနော်တို့အိမ်မှာ ရွာကမိသားစုတွေစုံလို့ ကျနော်မျက်လုံးတွေလည်း မှိတ်ထားချင်စိတ်ပေါက်သွားတယ်
ကျနော်တိုအိမ်ရဲ့ အလယ်မှာ မျက်နှာချက်က အင်ဗက်တာမီးလေး မလင်းတလင်းအောက်မှာအဖေကိုတွေ့
လိုက်ရတယ် ကျနော်ဘ၀ရဲ့ အပျော်ဆုံးအချိန်တစ်ခုပြန်ရလိုက်တယ် အဖေကကျနော်မျက်နှာကြည်တယ်ပြီး
တော့ ကျနော်ခြေထောက်ကြည်ပြီး ဟေကောင်မင်းခြေထောက်ဆေးဦးတဲ့ ဆောင်းတွင်းဘက်ဆိုတော့
နှင်းတွေနဲဖုံတွေနဲ ကျနော်ခြေထောက်ညစ်ပတ်နေတယ် အဖေပြေမှကျနော်ခြေထောက်တွေ အရမ်းအေး
ပြီး ထုံနေတာသိလိုက်တယ် အဖေစကားသံတိုးတိုးလေးဟာ ကျနော်ရင်ဘက်ကြီးကို သန့်ရှင်းရေးလုပ်
လိုက်သလိုဘဲ...အိပ်ရေးပျက်ထားတဲအမေမျက်နှာလည်း အပြုံးတွေတုန်တုန်ရီရီနဲ နေခင်းမှရောက်မယ်
ထင်နေတာလို့ပြောရင်း ခြေဆေးဖို ရေခွက်ယူပေးလေရဲ့ မိသားစုတွေလည်း အဖေရဲ့ ကိုယ်ပေါ်မှာ
သူတို့လက်တွေပုံအပ်လို ပြုစုနေကြတယ် အဖေကျောကိုမှိပေးထားတဲ့ အကိုကြီးဘေးဝင်ထိုင်လိုက်တယ်
အဖေနေမကောင်းဘူးဆိုလိုပြန်လာတာ အဖေကအခုတောကျနော်နဲ့တောင် အပြေးပြိုင်လိုရတယ်
လို ရယ်စရာလေးပြောလိုက်တော့ အဖေမျက်နှာအပြုံးလေးသန်းသွားတယ်......ကျနော်ဦးလေးက အကိုတို့
များကံကောင်းလိုက်တာနေမကောင်းတာ သားသမီတွေဆုံလိုဆိုတော့ အဖေကကျနော်တိုမျက်နှာတွေကို
ဝှေရမ်းပြီးကြည်လိုက်တယ် အဖေရင်ဆိုင်ခဲ့ရတဲ့ သားသမီးတွေရဲ့ သောကတွေ အစား သုခတွေပြန်ရပြီလို
တွေးနေတယ်ထင်ပါရဲ့ ကျနော်လည်းအိတ်ကပ်ထဲမှာပါတဲ့ အမေအတွက်အားဆေးလေး အမေလှမ်အပေး
မှာ ဘာလဲလိုမေးတော အမေအတွက်အားဆေးပါအဖေဆိုတော အေးကောင်းတယ် မင်းအမေ အိပ်ရေး
ပျက်နေတာနဲအတော်ဘဲတဲ့  သူဖြစ်နေတဲဝေဒနာကို မေ့ပြိးအားလုံးကို သူလို မကြံခိုင်ဘူးလိုသူထင်နေတုံး
ဘဲ အဖေက ဆေးသောက်နည်းတယ် အဲဒါကြောင်လဲ့ အဆင်သင့်ဝယ်မထားဖြစ်ဘူး .....အမေကကျနော်
ကိုအဖေမသိအောင်လက်ကုတ်ခေါ်တယ် ကျနော်လည်း နောက်ဖေးထမင်းစားခန်းဘက် အမေနောက်ဝင်
လိုက်သွားတယ် နင်အဖေကိုဆေးရုံတက်ဖိုပြောပါဦးတဲ ညကအသက်ပါသွားပြီလို့ထင်ထားကြတာ
အကိုကြီးမပြောဘုလား အကိုကြီးပြောရင်အဖေကအားလုံးလက်ခံတာများပါတယ် ကျနော်လည်း နည်းနည်းပြောရတာပေါ အဖေလည်းလက်ခံပါတယ် အကိုလတ် စက်လှေလေးနဲ အဖေကို ကျနော်တို.
မျြိ့လေးက ဆေးရုံဆိ ခေါ်ခဲကြတယ် အိမ်မှာတော့ အမေ နဲ့ အခြားမိသားစုတွေ ကျန်ခဲ့ ကြတယ်
ကျနော်တို မောင်နှမ အရင်းတွေတော့ အဖေနဲအတူလိုက်ဖြစ်ကြတယ် ဆေးရုံရောက်လို ဆရာဝန်က
ဆိးုရိမ်စရာမရှိကြောင်းပြော တဲ့အချိန်မှာ ကျနော်တိုမောင်နှမတွေအရမ်ပျော်သွားကြတယ်
အဖေက ကျနော်ဘက်လှည်ပြီးမင်း အမေဆီ ဖုံးဆက်လိုက်ဦးတဲ့ အဖေကသူကြောင့်ဘယ်သူကိုမှ သောက
တွေ မပေးချင်ဘူး ဆိုတာကျနော်သိလိုက်ရတယ် ဆေးရုံမှာအခန်းငှားတယ် အခန်းကကျင်းတာမှို့တစ်
ကြောင်း အကိုအကြီးကလည်း အလုပ်တွေရှိသောကြောင့် ကိုလတ်လည်း အလုပ်နှင့် အမကလည်း ကလေးငယ်လေးနှင့် သူတို့တွေညမအိပ်နိုင်ကြပြန်ကြမည်ပေါ့ အဖေကအားလုံးကိုသိနေသည်
ညီမ ၂ယောက်ကတော့ ဘာမှမပြောကြ ပြန်မဲ့သူတွေကိုအမေအား စိတ်မပူရန်သာမှာနေသည်
အဖေက အကိုကြီးကို မပြန်စေချင် အကြီးဆုံးသားသမီးကို မိဘတွေအားကိုးတယ်ဆိုတာသိလိုက်ရတယ်
ဒါပေမဲ့ မိသားစုတစ်ခုရဲအရေးကြီးဆုံးဟား အဖေဘဲဆိုတော့ အကိုကြီးအဖေနေရာကလူတစ်ယောက်မို့
အဖေ စီမံချက်ချသည် ဒီိညတောသားကြီးဒီမှာ အိပ်ပါ ဆရာဝန်ကြီး လှည်မှာဆိုတော့မင်းရှိမှဖြစ်မယ်တဲ့
အဖေ ဟာကျနော်တို အငယ်သုံးယောက်ကို ကလေးတွေဘဲလို ထင်နေတုန်းဘဲ ကျနော်ကတော ခြေမြန်
တော်ပေါ့ ဘာဘဲလိုလို လမ်းညွှန် လိုတာအားလုံးဝယ် အမေဆီဖုန်းဆက် ရတယ် ညီမနှစ်ယောက်ကတော့
မြို့ ထဲကအဒေါ်အိမ်မှာ ထမင်းချက်ပြီးပို့ပေါ့ အားလုံးဟာအဖေ့စီမန်ချက်ပေါ့ နောက်နေ့ မှာ အကိုကြီးလည်ပြန်သည် အဖေလည်း အတော်သက်သာနေသည် အကိုပြန်တဲ့ညမှာ အကိုရဲ့ နေရာကျနော်ယူရသည် အဖေဆေးရုံတက်တဲ ၅ ရက်လုံးမှာ ၄ရက် မှာကျနော် အကိုတွေ အမတွေရဲ့ တာဝန်တွေ ဘယ်လောက်တန်ဖိုးရှိမှန်းသိလိုက်ရတယ် အဖေရဲ့ တာဝန်တွေအားလုံးကျနော်ယူလိုက်ရတယ်
အကြီးဆုံးတွေအားလုံးဟာ ခရီးဆုံးတဲ့အထိတာဝန်ရှိတယ်ဆိုတာ ကျနော်သိလိုက်ပြန်တယ်
အကိုရှိတဲညတွေက စိတ်လွတ်လတ်စွာအိပ်ရတာတွေကအစပေါ့ အဖေဆေးရုံးကဆင်းပြိး ၂ရက်မပြည့်ခင် ညနေဘက်မှာ ကျနော်ရဲ အဆင်မပြေ တစ်ရာလမ်းကြောင်းပေါ်တစ်ခေါက် ပြန်လျှောက်ရပြန်တယ်ဗျာ ....အဖေမှာတဲစကားတွေနဲ့ အမေမှာတဲ့စကးတွေမနိုင်မနင်းပေါ့
လေးလိုမဟုတ်ပါ လိုက်နာဖို့ခက်လို့ဘာ
သုံးကြိမ်လောက်ပြင်လိုမရတာနဲ့ 
သုံးကြိမ်လောက်ပြင်လိုမရတာနဲ့ 
No comments:
Post a Comment